တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ [အေးငြိမ်း (လေးမျက်နှာ)]
တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်းများ
========================
❗လုပ်ငန်းခွင်အတွင်းရှိ မတော်တဆ တွေ့ကြုံရနိုင်သည့် အန္တရာယ်များကို ကာကွယ်နိုင်ရန် သုံးစွဲ ဝတ်ဆင်ရမည့် ပစ္စည်းများအကြောင်း တင်ပြထားသည်။
👉လုပ်ငန်းခွင်အန္တရာယ် မဖြစ်စေအောင် ထိန်းချုပ်သောနည်းလမ်းများအနက် တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်း များ ဝတ်ဆင်ခြင်းသည်လည်း ထိရောက်သော လုပ်ငန်းခွင်အန္တရာယ် ကာကွယ်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။
⚠️လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးတွင် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ခြင်းသည် လုပ်ငန်းခွင် အတွင်း လုပ်ရကိုင်ရလည်း လွယ်သည်၊ အချိန်ကုန် ငွေကုန်လည်း သက်သာသည်။
✅တစ်ကိုယ်ရည် လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးဟုဆိုရာတွင် အများအားဖြင့် ဦးထုပ်အမာနှင့် အန္တရာယ်ကင်း ဖိနပ်သာ အသုံးပြုလေ့ ရှိကြသည်။ အမှန်တကယ်တွင် အသက်ရှူလမ်းကြောင်းအန္တရာယ် ကာကွယ်ရေးပစ္စည်း များ၊ ဦးခေါင်းအန္တရာယ် ကာကွယ်ရေးပစ္စည်းများ၊ ခြေထောက်အန္တရာယ် ကာကွယ်ရေးပစ္စည်းများ၊ လက်အန္တရာယ် ကာကွယ်ရေးပစ္စည်းများ၊ အကြားအာရုံ ကာကွယ်ရေးပစ္စည်းများ၊ မျက်လုံးအကာအကွယ် ပစ္စည်းများ၊ ခန္ဓာကိုယ် အကာအကွယ် အဝတ်အစားများနှင့် အမြင့်မှ လိမ့်မကျစေရန် ကာကွယ်ပေးသည့် ပစ္စည်း များ ဟူ၍ အမျိုးမျိုး ရှိသေးသည်။
🇲🇲လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ပတ်သက်ပြီး အလေ့အထ နည်းပါးသေးသည့် မြန်မာနိုင်ငံတွင် စံမီပြီး စနစ်ကျ သော တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်းများ သုံးစွဲနိုင်ရေး၊ လုပ်သားများကို ထိုပစ္စည်းများ စနစ်တကျ ဝတ်ဆင် တတ်အောင် တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ဝတ်ဆင်အသုံးပြုပုံများနှင့် ပတ် သက်၍ ဖော်ပြထားသည်။
✅ထို့ပြင် အဆိုပါ တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်းများနှင့် ပတ်သက်သော စံချိန်စံညွှန်းများ၊ ရွေးချယ်ခြင်း၊ စမ်းသပ်ခြင်း၊ ဝတ်ဆင်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ သတ်မှတ်ချက်များသာမက တစ်ကိုယ်ရည် ကာကွယ်ရေး ပစ္စည်းများနှင့် ပတ်သက်သော ပြဋ္ဌာန်းရန်၊ လိုက်နာရန်လိုအပ်သည့် ဥပဒေများအကြောင်းပါ အသေးစိတ် ဖော်ပြ ထားသည်။
=======================
စာရေးသူ–အေးငြိမ်း(လေးမျက်နှာ)
စာမျက်နှာ–179
-----------------------------------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.